Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၁၀.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဝက်ထီးကန်မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ စတိုးဆိုင်များတွင် ရောင်းချနေသော အလှကုန်နှင့် ဆေးအမျိုးမျိုးရောင်းချကြသည့် ဆိုင်များသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ် အသားပါဝင်မှု ရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန် အလှကုန်နှင့် ဆေးဝါးများ ရောင်းချနေခြင်း ရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်အလှကုန်နှင့် ဆေးဝါးများကိုတွေ့ရှိ၍ ဖျက်ဆီးသိမ်းဆည်းစေခြင်း၊ ဆေးအမျိုးမျိုးရောင်းချကြသောဆိုင်များတွင် အပူချိန်တိုင်းကိရိယာ တပ်ဆင်ထား ရှိခြင်းများရှိ/ မရှိစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၌ပါရှိသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိခြင်းမရှိသော အလှကုန်နှင့် ဆေးအမျိုးအမျိုး၊ ဆေးနှင့်ဆက်စပ်ပစ္စည်းများ၊ ကလေး/ လူကြီး အာဟာရဖြည့်စွက်စာများ သက်တမ်းလွန်လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချခြင်းမပြုလုပ်ရန် သတိပေးဆွေးနွေးပြောကြားခြင်းများပြုလုပ်၍ နံနက်(၁၁:၃၀) အချိန်တွင်ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ရပ်နားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)