နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ ပေါင်းတည်မြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆေးဝါးရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆီသွပ်ဗူးများတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာမှန်ကန်စွာ ပါဝင်ခြင်းရှိ/ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်းမရှိပါက ရောင်းချခြင်းမပြုရန်နှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ တိုင်းရင်းဆေးဝါးများတွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)