စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၁)ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦး၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်း (၂) ဦးနှင့် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်း (၁)ဦး စုစုပေါင်း (၆)ဦး တို့သည် (၅.၅.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ တစ်ပတ်အတွင်းဆေးဝါးရောင်းချမှု၊ ကျန်ရှိမှုနှင့် လိုအပ်စာရင်းများကောက်ယူခြင်းနှင့် ဆေးဈေးနှုန်းများကောက်ယူခြင်း၊ ဘေးအန္တရာယ်ရှိကြောင်း သက်ဆိုင်ရာများမှ ထုတ်ပြန်ထားသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ဆေးဝါးမှတ်ပုံတင်အမှတ်(IR)များဖော်ပြထားခြင်းမရှိသော ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိ၊ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)