
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ မှ ဦးစီးမှူးဦးတင်ချစ်ကောင်းနှင့် ဝန်ထမ်းသည် မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးအရောင်းဆိုင်များတွင် ဆေးဝါးများပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။ထို့နောက်ဆေးရောင်းချသော ဆိုင်ရှင်များအား ဆေးဝါးများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် ပြစ်မှု၊ပြစ်ဒဏ်များအား သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပညာပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)