Main menu

မန္တလေးမြို့၏ ဆောင်းရာသီသုံးလူသုံးကုန်ပစ္စည်း ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

            မန္တလေးမြို့အတွင်းရှိ စည်ပင်သာယာမြို့မဈေးကြီးများ၊ ရပ်ကွက်ဈေးများနှင့် စတိုးဆိုင်များတွင် ဆောင်းရာသီ၏ အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် နွေးထွေးမှုကိုပေးနိုင်သော အနွေးဦးထုပ်၊ အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်နှင့်လက်အိတ် အစရှိသည့် ဆောင်းရာသီသုံး လူသုံးကုန်ပစ္စည်းများ ယခုလ (ဒီဇင်ဘာလ) အတွင်း အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရှိရသည်။

            ဆောင်းရာသီသုံး လူသုံးကုန်ပစ္စည်းများ၏ အမှတ်တံဆိပ်နှင့် အဆင်ဒီဇိုင်းများပေါ် မူတည်၍ အလယ်အလတ်တန်းစား အရည်အသွေးရှိ အနွေးဦးထုပ် (၁) လုံးလျှင် ၃၅၀၀ကျပ်မှ ၆၅၀၀ကျပ်၊ အင်္ကျီ (၁) ထည်လျှင် ၁၅၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်၊ ဘောင်းဘီ (၁)ထည်လျှင် ၁၅၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်၊ ခြေအိတ် (၁)စုံလျှင် ၂၀၀၀ကျပ်မှ ၄၅၀၀ကျပ်၊ လက်အိတ် (၁)စုံလျှင် ၂၀၀၀ကျပ်မှ ၃၅၀၀ကျပ် ဈေးနှုန်းများရှိကြောင်း သိရှိရသည်။

            ဆောင်းရာသီသုံး လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများအနေဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက အနည်းငယ်မြင့်တက်လျက်ရှိကြောင်းနှင့် ဈေးကွက်မှာ ယခုအချိန်တွင် မန္တလေးမြို့အနီးပတ်ဝန်းကျင်ရှိ ဒေသများသည်နယ်မြေအခြေအနေများကြောင့် နေရပ်စွန့်ခွာ၍ မန္တလေးမြို့ပေါ်သို့ ရွေ့ပြောင်းနေထိုင်မှုများပြားလာသဖြင့် ၎င်းတို့၏ လိုအပ်ချက်တစ်ခုအရ ဝယ်ယူမှုများရှိ၍ ယခင်နှစ်ထက် ပိုမိုရောင်းချရကြောင်း အဆိုပါလုပ်ငန်းဆောင်ရွက်နေသူ လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)