Main menu

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း စားအုန်းဆီများဖြန့်ဖြူးနိုင်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများဖြန့်ဖြူးရာ၌ ကျန်းမာရေးနှင့်ညီညွှတ်ပြီး စားသုံးသူများ ဘေးအန္တရယ်ကင်းရှင်းနိုင်စေရန်အတွက် စားအုန်းဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် ပြည်တွင်းစားအုန်းဆီဖြန့်ဖြူးနေသည့် ကုမ္ပဏီလုပ်ငန်းရှင်များဖြင့် (၂၂-၄-၂၀၂၂ )ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ ခေါ်ယူတွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါသည်။ယင်းညှိနှိုင်းဆုံးဖြတ်ချက်များအရ (၁.၅.၂၀၂၂) ရက်နေ့မှစ၍ Clean Drum ဖြင့်သာထည့်သွင်းဖြန့်ဖြူးရေး၊ သက်ဆိုင်ရာကုပ္မဏီ၏ ကုန်အမှတ်တံဆိပ် (Logo) ပါဝင်သော Cap seal များဖြင့် ချိတ်ပိတ်သယ်ဆောင်ရေးနှင့် (၁၅-၅-၂၀၂၂) ရက်နေ့မှစ၍ စားသုံးဆီ ဖြန့်ဖြူးရာတွင် Food Grade အဆင့်ရှိ အဝါရောင် ပေပါ(New Drum/Clean/Drum/Jelly Can/ Consumer Pack) များအသုံးပြု၍ ဖြန့်ဖြူးသွားရန်နှင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ လည်း စားသုံးဆီဗူးများတွင် အလေးချိန်ဖော်ပြရာ၌ ပိဿ၊ ကျပ်သားဖြင့်လည်း ထည့်သွင်းဖော်ပြပေးရန်တို့ကို (၁-၅-၂၀၂၂) ရက်နေ့တွင် စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းဖြန့်ဖြူးနေသည့် စားအုန်းဆီကန်များသို့ လည့်လည်ကြည့်ရှု့ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)