စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသော သစ်သီးဆိုင်များတွင် လိမ္မော်သီးများ အများအပြားရောင်းချနေကြောင်း ၊ လိမ္မော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
လိမ္မော်သီးကို ကျန်းမာရေးအတွက်လည်း စားသုံးနိုင်သလို သရေစာအဖြစ်လည်း စားသုံး ကြကြောင်း၊ လိမ္မော်သီးကိုစားသုံးခြင်းဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာနိုင်စေခြင်း၊ အမြင်အာရုံ ကိုကောင်းမွန်စေနိုင်ခြင်း၊ သွေးတိုးကျစေနိုင်ခြင်း၊ အရေပြားကျန်းမာရေးအတွက် ကောင်းမွန်ခြင်း၊ ခုခံစွမ်းအားတိုးစေခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ ကိုက်ခြင်းတို့ကို သက်သာစေခြင်းနှင့် အစာခြေစနစ်ကို ကူညီပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်စေပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလဒုတိယပတ်အတွင်း ရောင်းချနေသော လိမ္မော်သီးအမျိုးအစား များမှာ ပျားလိမ္မော်သီးနှင့် မြစ်ကြီးနားလိမ္မော်သီးဟူ၍ နှစ်မျိုးရှိပြီး မြစ်ကြီးနားလိမ္မော်သီး အသေး(၁)လုံးလျှင်(၁၀၀၀)ကျပ်၊ မြစ်ကြီးနား လိမ္မော်သီးအကြီး(၁)လုံးလျှင်(၁၂၀၀)ကျပ်၊ ပျားလိမ္မော်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ပျားလိမ္မော်သီး(၁)ပိဿာလျှင် (၂၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)