မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဈေးကွက်တွင် ဒေသထွက် ဘူးသီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။ ဘူးသီးမှာ ယခု ဒီဇင်ဘာလဆန်းမှစ၍ ဈေးကွက်များ၌ တွေ့ရှိရသော ကုန်စိမ်းသီးနှံအဖြစ် နေရာယူထားလျက်ရှိသည်။ ဘူးသီးကို မော်လမြိုင် အနီးဝိုက်ရှိကျေးရွာတို့၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။
ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုနှင့် လက်လီ/ လက်ကား ရောင်းချ၍ ဈေးနှုန်းအားဖြင့် ကွာခြားမှုရှိသည်။ မွန်ပြည်နယ် အတွင်းရှိ ဈေးကွက်တင် ဘူးသီးဈေးနှုန်းအခြေအနေမှာ ဘူးသီးတစ်လုံးလျှင်ဈေးနှုန်း တစ်လုံးလျှင်(အကြီး) ၂၅၀၀ကျပ်နှင့် (အလတ်) ၁၅၀၀ကျပ်၊ (အသေး) ၁၀၀၀ကျပ်တို့ဖြစ်သည်။ ထို့အပြင် ဘူးသီးကို ခွဲခြမ်းပြီး တစ်စိပ် ၅၀၀ ကျပ်၊ ၇၀၀ကျပ်ဖြင့်လည်း ရောင်းချလျက်ရှိသည်။ ယခုလအတွင်း မွန်ပြည်နယ်အနေဖြင့် ဒေသထွက်ရာသီသီးနှံ ဘူးသီးအထွက်နှုန်း ကောင်း၍ ပိုမိုရောင်းချလျက်ရှိကြောင်း ကုန်စိမ်းဈေးကွက်အတွင်းမှ သိရှိရသည်။
DOCA(မွန်)