
၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် City Mart ၌ ကြက်ဥဈေးနှုန်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောတာကလူထူးပါ (၂)ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူးတို့ပူးပေါင်း၍ City Mart အတွင်းရောင်းချနေသော ကြက်ဥဈေးနှုန်းအား ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖြစ်သင့် ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချမှုပြုစေရန်အတွက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)