Main menu

သီဟိုဠ်စေ့စားသုံးမှုကို မြှင့်တင်ရန် CAC, CCF နှင့် CHA တို့ လက်မှတ်ရေးထိုး

Powered by Drupal

             ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC)၊ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်းချုပ်(CCF) နှင့် ကမ္ဘောဒီးယားဟိုတယ်လုပ်ငန်းရှင်များအသင်း (CHA) တို့သည် နားလည်မှုစာချွန်လွှာ (MoUs) နှစ်ခုကိုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) တွင်လက်မှတ်ရေးထိုးခဲ့ကြ သည်။ အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Cham Nimul မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာအသင်းဌာနများမှ မှုဆောင်အရာရှိများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားသည် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Hy Sothea နှင့် ကမ္ဘောဒီးယား သီဟိုဠ်စေ့ အသင်းချုပ်ဥက္ကဋ္ဌ  An Dara တို့အကြား ပထဆုံးတွေ့ဆုံမှုဖြစ်သည်။ ကမ္ဘောဒီးယား ဟိုတယ်လုပ်ငန်းရှင်များအသင်း (CHA) သည် မီနီဘားများနှင့် ဟော်တယ်များအတွက် တစ်နှစ်လျှင် သီဟိုဠ်စေ့တန်ချိန် ၂၅၀ တန်အားဝယ်ယူရန် ကတိပြုခဲ့သည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့ အသင်း (CAC) ဥက္ကဋ္ဌ Uon Silot က နားလည်မှုစာချွန်လွှာသည် အလွန်အကျိုးရှိပြီး ပြည်တွင်းရောင်းချမှုနှင့် စာသုံးမှုလုပ်ငန်းစဉ်များကို ပိုမိုလက်လှမ်းမီစေရန်ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြည်တွင်းတွင် သီဟိုဠ်စေ့ကဏ္ဍကိုမြှင့်တင်ရန် အစွမ်းကုန်ကြိုးပမ်းရမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားဈေးကွက်သည် အရေးကြီးသော်လည်း ပြည်တွင်းဈေးကွက်တွင် မိမိတို့ထုတ်ကုန်များကို ဦးစားပေးအသုံးပြုရန်လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) ၏ ထုတ်ပြန်ချက်များအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ သီဟိုဠ်စေ့တန်ချိန် ၈၄၀,၀၀၀ ထုတ်လုပ်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်းသိရှိရသည်။

Source: Khmer Times

DOCA(ရန်ကုန်)