ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါးမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ကမ္ဘောဒီးယားအကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန (GDCE) ၏ထုတ်ပြန်ချက်အရသိရသည်။ GDCE ၏ ကုန်သွယ်မှုအချက်အလက်များအရ တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁.၆ ဘီလီယံရှိခဲ့ပြီး တရုတ်သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၁၂.၅ ဘီလီယံရှိကြောင်းသိရသည်။ နိုင်ငံခြားရေးဝန်ကြီးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန (MoC) ၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ခြင်းနှင့် နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံရေးတို့ကြောင့် ကုန်သွယ်မှုပမာဏတိုးလာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ကမ္ဘောဒီးယား-တရုတ်လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (CCFTA) နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်များမှတဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ပိုမိုကျယ်ပြန့်သောဈေးကွက်များ ဝင်ရောက်နိုင်ခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။ ကမ္ဘောဒီးယား-တရုတ် ကူးသန်းရောင်းဝယ်ရေး အသင်း (CCC) ၏ ဒုတိယဥက္ကဋ္ဌ Lor Vichet ကကမ္ဘောဒီးယား၏ ကုန်သွယ်မှုအခြေအနေသည် တည်ငြိမ်စွာတိုးတက်လာကြောင်းနှင့် တရုတ်-အမေရိကန်အကြား ကုန်သွယ်ရေးတင်းမာမှုသည် ကမ္ဘောဒီးယားကုန်သွယ်မှုကို မြှင့်တင်ပေးရန်အထောက်အကူဖြစ်စေခဲ့သည် ဟုပြောကြားခဲ့ကြောင်းသိရသည်။
Source: Khmer Times
DOCA(ရန်ကုန်)