Main menu

ကမ္ဘောဒီးယား-ဗီယက်နမ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ချော့မွေစေရန်သဘောတူ

Powered by Drupal

              ကမ္ဘောဒီးယား အကောက်အခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာနနှင့် ဗီယက်နမ် အကောက်ခွန်ဦးစီးဌာနတို့သည် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများနှင့် ကုန်သွယ်မှုပို့ဆောင်ရေးဆိုင်ရာ စီမံကွပ်ကဲမှုနှင့်လွယ်ကူချောမွေစေရေးတို့အတွက် နှစ်နိုင်ငံအကောက်ခွန် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေရန် သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေး စီမံကွပ်ကဲတို့တွင်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကိုတိုးမြှင့်လုပ်ဆောင်ရန် နှစ်နိုင်ငံကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဟနွိုင်းမြို့တွင်တွေ့ဆုံခဲ့ကြောင်း ၁၀-၁၂-၂၀၂၄ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။ အတွေ့ဆုံးပွဲတွင် အကောက်ခွန်မြှင့်တင်ရေး၊ နည်းပညာအကူအညီနှင့် တရားမဝင်ကုန်သွယ်မှုတို့ကိုတိုက်ဖျက်ရန် ပူးတွဲလုပ်ဆောင်မှုများ စသည့်နယ်ပယ်များတွင် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယား-ဗီယက်နမ်ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ကန်ဒေါ်လာ ၅.၈၁ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက၂၁.၉ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယားထုတ်ကုန်များအတွက် ဒုတိယအကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်ပြီး အဓိကအားဖြင့် လယ်ယာထွက်ကုန်ကုန်ကြမ်းများကို တင်ပို့လျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဆန်၊ ရာဘာ၊ သီဟိုဠ်စေ့၊ ပီလောပီနံ၊ ပြောင်း၊ ငှက်ပျော်သီး၊ သရက်သီးနှင့် ဆေးရွက်ကြီးတို့ကို ဗီယက်နမ်နိုင်ငံသို့တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)