Main menu

ကျိုင်းတုံမြို့မဈေးရှိ ဆေးဝါးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး

Powered by Drupal

             ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး ရေးမှူးများနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့မဈေးတာဝန်ခံရုံး(စည်ပင်)တို့နှင့် ပူးပေါင်း၍ (၄.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) မှ (၁၁:၀၀) နာရီအချိန်ထိ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့ Bella plus plaster ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါပစ္စည်းများ ရောင်းချမှုမရှိကြောင်း တွေ့ရှိခဲ့ရပြီး ဆေးဆိုင်ပိုင်ရှင်များအား ယင်းကဲ့သို့ပစ္စည်းများ ရောင်းချမည်ဆိုပါက ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No. (IR) များ ဖော်ပြပါရှိသော ဆေးဝါးပစ္စည်းများကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြရန် ကွင်းဆင်းအသိပညာပေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအပေါ် အသိပညာ ဗဟုသုတနှင့်ပတ်သက်၍ စားသုံးသူစွမ်းဆောင်နိုင်မှုအညွှန်းကိန်းစစ်တမ်းကောက်ယူသည့် မေးခွန်းလွှာများ ဝေမျှခြင်း၊ မရှင်းလင်းသည်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ ထပ်မံသိရှိလိုသည့် မေးမြန်းချက်များအပေါ်  ပြန်လည်ဖြေကြားခြင်းစသည့်အချက်များအား ကွင်းဆင်းအသိပညာပေး စစ်တမ်းကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)