Main menu

Hem Vanndy က (CBC) ၏ CEO ဒေသတွင်းအရင်းမြစ်များချဲ့ထွင်ရန် တိုက်တွန်း

Powered by Drupal

               စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီဌာန (MISTI) ဝန်ကြီး Hem Vanndy က ကမ္ဘောဒီးယားနိုင်ငံရှိ ဖျော်ရည်ယမကာကုမ္ပဏီ (CBC) မှ ကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးတိုးတက်မှုတို့ကို မြှင့်တင်ရန် ၁၁-၁၂-၂၀၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ တိုးတက်ရန်ပြင်ဆင်နေသောကြောင့် ဒေသတွင်းအရင်း အမြစ်များကိုချဲ့ထွင်ရန်နှင့် ချိတ်ဆက်မှုများကိုအားကောင်းစေရန် ဝန်ကြီးက (CBC) အား တောင်းဆိုထားသည်။  CBC ၏ CEO ဖြစ်သူ Joseph Ho က MISTI နှင့် ကမ္ဘောဒီးယား အစိုးရတို့၏ ထောက်ပံ့မှုများကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး ကုမ္ပဏီ၏ ရေရှည် တည်တံ့မှု၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အလေးထား ဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။ Joseph Ho က CBC ၏ အရင်းအမြစ် စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်နှင့် ဗူးများ၊ ပလက်စတစ်များကဲ့သို့သောဒေသထွက်အရင်းအမြစ် ပစ္စည်းများကို အသုံးပြုမှုတိုးမြှင့်လာစေရန် အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီး Hem Vanndy က CBC ၏ ကမ္ဘာ့အဆင့်မီ ထုတ်လုပ်မှုစံချိန်စံညွှန်းများကို ထိန်းသိမ်းရန်ကြိုးပမ်းမှုကို ချီးကျူးခဲ့ပြီး SMEs များနှင့် အစိုးရအေဂျင်စီများအတွက် ၎င်း၏စက်ရုံများ ဖွင့်လှစ်ရန် ကမ်းလှမ်းမှုများကို ကြိုဆိုကြောင်းပြောကြားခဲ့သည်။ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရာတွင် အခြားသောနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ (FDI) နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် CBC ၏ ဆောင်ရွက်မှုများသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)