![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/347_1.jpg?itok=FhY4-7DR)
ကမ္ဘောဒီးယားအစိုးရသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများ(SMEs) တရားဝင်စီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းရေးကိုမြှင့်တင်ရန်အတွက် လာမည့်အပတ်တွင် Digital Onboarding Platform ကိုလွှတ်တင်ရန်စီစဉ်ထားကြောင်း စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်မှုဝန်ကြီးဌာန (MISTI) ဝန်ကြီး Hem Vanndy က ၁၀-၁၂-၂၀၂၄ ရက်နေ့က ပြောကြားခဲ့သည်။ အဆိုပါ ပလပ်ဖောင်းသည် စီးပွားရေးလုပ်ငန်းများကို တရာဝင်ဖြစ်စေရန်နှင့် အစိုးရဝန်ဆောင်မှုများရယူခြင်း လုပ်ငန်းစဉ်များကိုချောမွေ့စေပြီး ဗျူရိုကရေစီအတားအဆီးများ ကိုလျှော့ချကာ စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ပေးမည်ဖြစ်သည်။ တော်ဝင်အစိုးရသည် စီးပွားရေးတိုးတက်မှုနှင့် တည်ငြိမ်မှုကို မြှင့်တင်ရန် ၎င်း၏ စီးပွားရေးအသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန်ရည်မှန်းထားသည်။ (MSMEs) စီးပွားရေးလုပ်ငန်းများကို ငွေကြေးလက်လှမ်းမီ စေရန်နှင့်တရားဝင်စီးပွားရေးသို့ မှတ်ပုံတင်ရန်လှုံဆော်ပေးခြင်းတို့သည် ဤလုပ်ငန်းစဉ်၏ အဓိကအစိတ်အပိုင်းများဖြစ်သည်။ SMEs ကဏ္ဍသည် စီးပွားရေး၏ ကျောရိုးဖြစ်သောကြောင့် MoC နှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်ရန်၊ တရားဝင်စီးပွားရေးစနစ် တွင်ပေါင်းစည်းရန်နှင့် SMEs အစုအဖွဲ့များပိုမိုဖန်တီးနိုင်ရန် ဝန်ကြီးချုပ် Hun Manet မှ တိုက်တွန်းထားသည်။ အထူးစီးပွားရေးဇုန်များတွင် လုပ်ငန်းများကို စီးပွားရေးနှင့်ဈေးကွက် လိုက်လျောညီထွေမှုဖြစ်စေရေးကူညီပေးရန် Hem Vanndy မှ အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၏ စီးပွားရေးလုပ်ငန်းပေါင်း ၇၇၀,၀၀၀ ကျော်တွင် ၂ ရာခိုင်နှုန်းသာ တရားဝင် မှတ်ပုံတင်ထားကြောင်း စီမံကိန်းဝန်ကြီးဌာနမှထုတ်ပြန်ထားသော အချက်အလက်များအရသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)