Main menu

ရုရှားနိုင်ငံ၏စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်းတိုးတက်လာကြောင်း ရုရှားလက်ထောက်ဝန်ကြီးချုပ်မှဆို

Powered by Drupal

              ရုရှားနိုင်ငံ၏စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ လက်ထောက်ဝန်ကြီးချုပ် Alexander Novak မှ ၁၁.၁၂.၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ပြည်ပစိန်ခေါ်မှုများကြားမှ ရုရှားနိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်သောတိုးတက်မှုကို ပြသလျက်ရှိကြောင်း  Novak မှ မှတ်ချက်ပြုခဲ့သည်။ ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အထိ ရုရှားနိုင်ငံ၏စီးပွားရေးသည် ခန့်မှန်းခြေအားဖြင့် ၁၂.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်က ၃.၆ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်း တိုးတက်မှုတို့ကိုလည်း ထည်သွင်းပြောကြားခဲ့သည်။ ခန့်မှန်းထားသောတိုးတက်မှုနှုန်းသည် ကမ္ဘာ့ပျမ်းမျှနှုန်းနှင့် ဖွံဖြိုးပြီးနိုင်ငံများ၏နှုန်းထက် များစွားမြင့်မားလျက်ရှိကြောင်း၎င်းက မှတ်ချက်ပြုခဲ့သည်။  Novak သည် နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုကဏ္ဍနှင့်ပက်သက်၍လည်း ၂၀၂၃ ခုနှစ်တွင် ၉.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်၏ ကိုးလတာကာလကထက် ၂၀၂၄ ခုနှစ် ကိုးလတာကာလအတွင်း ၈.၆ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့ကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)