ယခုလအတွင်း မုံရွာဈေးကွက်၌ အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ နေ့စဥ်နှင့်အမျှ မြင့်တက်လာသလို စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီဈေးမှာလည်း တရိပ်ရိပ်နှင့် မြင့်တက်လာကြောင်း သိရှိရပါသည်။
ဒီဇင်ဘာလအတွင်း မုံရွာမြို့ ၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ကြက်သွန်နီ ဈေးနှုန်းဈေးကွက်အခြေအနေမှာ ကြက်သွန်နီ(အလုံးကြီးရှယ်) တစ်ပိဿာလျှင် လက်ကားဈေးနှုန်း (၄၀၀၀) ကျပ်၊ လက်လီဈေးနှုန်း (၄၅၀၀) ကျပ်ရှိပြီး ကြက်သွန်နီ (လတ်) တစ်ပိဿာ လျှင်လက်ကားဈေး( ၃၀၀၀)ကျပ်၊ လက်လီဈေးနှုန်း (၃၅၀၀)ကျပ်၊ ကြက်သွန်နီ(အသေး) တစ်ပိဿာ လျှင် လက်ကားဈေး (၂၀၀၀)၊ လက်လီဈေး(၂၅၀၀)ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
ယခင်နိုဝင်ဘာလ စတုတ္ထပတ်နှင့် ယခုဒီဇင်ဘာလ ဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီအသစ်များ ဝင်ရောက်လာပြီဖြစ်၍ ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)