တရုတ်နှင့်ပင်လယ်ကွေ့အာရပ်ဒေသအကြား စီးပွားရေးဆက်ဆံမှုများ အားကောင်းလာသောကြောင့် အထူးသဖြင့်တရုတ်နိုင်ငံရှိ ဇီဝနည်းပညာနှင့်ကျန်မာရေးစောင့်ရှောက်မှုကဏ္ဏတို့တွင် ကြီးမားသောရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းကောင်းများကိုတွေ့ရှိခဲ့ရကြောင်း ဆော်ဒီအကျိုးတူအရင်းအနှီး ကုမ္ပဏီ KBW မှဆိုသည်။ ကဏ္ဏများစွာတွင်ပူးပေါင်းဆောင်ရွက် သွားရန် အခွင့်အလမ်းများစွာရှိကြောင်း KBW Venture ၏ ရင်းနှီးမြုပ်နှံမှုအရာရှိချုပ် Ekta Tolani မှ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ Abu Dhabi Finance Week တွင် မေးမြန်းခဲ့သော Xinhua သတင်းဌာန၏အင်တာဗျူးအရသိရသည်။ အထူးသဖြင့် ကျန်းမားရေးစောက်ရှောက်မှုနယ်ပယ်တွင် တရုတ်နိုင်ငံသည် များစွာဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ချင်ကြောင်း Ekta Tolani မှဆက်လက်ပြောကြားခဲ့သည်။ ဆော်ဒီအာရေဗီးယားမင်းသား Khaled bin Alwaleed bin Talal Al Saud မှတည်ထောင်သည့် KBW Ventures သည် အသွင်ပြောင်းနည်းပညာများနှင့် စီးပွားရေးပုံစံများဖြင့် ကုမ္ပဏီများကို အာရုံစိုက်လျက်ရှိကြောင်း ၎င်း၏ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ဒူဘိုင်းတွင် ဂြိုလ်တုရုံးခွဲတစ်ခုရှိသည့်ကုမ္ပဏီသည် ဇီဝနည်းပညာ၊ ညဏ်ရည်တု၊ ထုတ်လွှင့်မှုနည်းပညာများနှင့် အခြားသောခေတ်မှီနည်းပညာကဏ္ဏများတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ထားကြောင်း သိရသည်။ ဇီဝနည်းပညာကဏ္ဏသည် ရင်းနှီးမြုပ်နှံသူများ၏ စိတ်ဝင်စားမှုကို အဆွဲဆောင်နိုင်ဆုံးဖြစ်ကြောင်း Tolani မှ မီးမောင်းထိုးပြခဲ့သည်။ တရုတ်နိုင်ငံသည် UAE ၏ အကြီးဆုံးကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး UAE သည် တရုတ်နိုင်ငံ၏ အကြီးဆုံးပို့ကုန်စျေးကွက်နှင့် အရှေ့အလယ်ပိုင်းတွင် ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ကြောင်းသိရှိရပါသည်။
ဆော်ဒီအာရေးဗီးယားမှ ရင်းနှီးမြုပ်နှံသူများသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းကောင်းများအား ရှုမြင်ခဲ့ကြ
Powered by Drupal