၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိဈေးများတွင် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် အသင့်သောက်ကော်ဖီအမျိုးမျိုးတွင် မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဦးစားပေးကုန်စည်ဖြစ်သည့် ကုန်စည် (၁၀)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ထုတ်ပြန်ထားသဖြင့် အသင့်သောက်ကော်ဖီမစ်ပါဝင်သောကြောင့် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ရောင်းချမည့်ကုန်စည်တွင် မြန်မာလိုကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ထုတ်ပြန်ထားသည့်အတိုင်း ကိုက်ညီသောကုန်စည်များကိုသာ လုပ်ငန်းရှင်များမှရောင်းချရန် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)