Main menu

“ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူ/ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းရှင်များနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောခြင်း ”

Powered by Drupal

                ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း စားသုံးသူပြည်သူများ စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းရှင်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါ အသိပညာပေးဟောပြောခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံဦးအေးသွင်မှ ယခုလို အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စားသုံးသူပြည်သူများအတွက် အကျိုးရလဒ်များအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးတင်မင်းမှ အွန်လိုင်းစနစ်ဖြင့်ဖြန့်ဖြူးရောင်းချရောင်းလုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့်အထောက်အထားများ၊ မဖြစ်မနေပူးတွဲတင်ပြရမည့်အထောက်အထားများ လျှောက်ထားရန်အခြေခံလိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့် ဝယ်ယူအသုံးပြုခြင်းများမှ ရရှိလာမည့် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းလိမ်လည်မှုပုံစံများဖြစ်သည့် စားသုံးသူပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်စီစဉ်ခဲ့ပြီး ငွေကြေးများရယူသည့်လိမ်လည်မှုနှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုဆိုင်ရာ အရည်အသွေးနှင့်စပ်လျဉ်းသည် လိမ်လည်မှုများအပေါ် တိုင်ကြားနိုင်သည့်နည်းလမ်းများ ဦးစီးဌာနအဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် အခြေ အနေများအား ရှင်းလင်းဆွေးနွေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ရန်ကုန်)