ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်အတွင်းမြို့နယ်များဖြစ်သော မအူပင်၊ညောင်တုန်း၊ ဓနုဖြူ၊ပန်းတနော် မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကြက်ဥ၊ ဘဲဥများကို နေ့စဉ် ရောင်းချပေးလျက်ရှိသည်။
ရောင်းချရာတွင် (၆.၁၂.၂၀၂၄)ရက်မှ (၉.၁၂.၂၀၂၄)ရက်နေ့ အထိ မအူပင်မြို့နယ်မီးသတ်ရုံးရှေ့နှင့် ၃လမ်းဈေးရှေ့တို့တွင် ကြက်ဥ အလုံး ၂၂၅၀၀၀ တိတိနှင့် ဘဲဥ အလုံး ၃၀၀၀ ကိုလည်းကောင်း၊ ပန်းတနော်မြို့နယ်က ဘုရင့်နောင်လမ်း ထွေအုပ်ရုံးအရှေ့တွင် ကြက်ဥအလုံး ၁၅၀၀၀နှင့် ဘဲဥ အလုံး ၁၀၀၀ ကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်က ၉ရပ်ကွက်၊၃ရပ်ကွက်၊၇ရပ်ကွက်၊မြို့မဈေးရှေ့၊၈လမ်းဈေး၊ ဆားမလောက်ဈေး၊ တာကွေ့ဈေး၊ ကြိမ်ပင်ဆယ်ဈေး၊မဲဇလီကျေးရွာတို့တွင် ကြက်ဥအလုံးရေ ၅၉၇၀၀ လုံးနှင့် ဘဲဥ အလုံးရေ ၇၃၀၀ လုံးကို လည်းကောင်း၊ ဓနုဖြူမြို့နယ်က ၇ရပ်ကွက် မြို့မဈေးအရှေ့တွင် ကြက်ဥအလုံးရေ ၁၅၀၀၀ နှင့် ဘဲဥအလုံးရေ ၅၀၀၀နှင့် မအူပင် ကြက်သား ပိဿာချိန် ၆၀၊ ပန်းတနော် ကြက်သားပိဿာချိန် ၃၀ပိဿာ၊ ညောင်တုန်း ဆန် ၁၀အိတ်၊ ဆီ ၃၀ပိဿာ၊ ဝက်၁၅ပိဿာ၊ ဓနုဖြူ ကြက်သား ၁၂ပိဿာ တို့ကို ကြက်သား ဈေး ၁၄၀၀၀ကျပ်၊ ဝက်သား ဈေး ၂၂၀၀၀၊ ငါး ၆၀၀၀ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၁၀. ၁၂.၂၀၂၄)မှ (၁၁.၁၂.၂၀၂၄) ရက်နေ့ထိ မအူပင်ကြက်ဥ အလုံးရေ ၄၅၀၀၊ဘဲဥ အလုံးရေ ၆၀၀၊ ပန်းတနော် ကြက်ဥ အလုံးရေ ၃၀၀၀၊ ဘဲဥ အလုံးရေ ၅၀၀၊ ညောင်တုန်းမြို့နယ်မှ ကြက်ဥအလုံးရေ ၁၆၅၀၀နှင့် ဘဲဥ အလုံး၂၂၅၀လုံး၊ ဓနုဖြူမြို့မှ ကြက်ဥ အလုံးရေ ၃၀၀၀နှင့် ဘဲဥ ၅၀၀လုံးကိုလည်းကောင်း၊ ကြက်ဥဈေး ၃၅၀ကျပ်နှင့် ၃၈၀ကျပ်၊ ဘဲဥ ၅၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး ရောင်းချပေးရာတွင် စည်ပင်သာယာရေးအဖွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့က ကြီးကြပ်ပါဝင်ခဲ့ကြပါသည်။
ညောင်တုန်းမြို့နယ်မှ ကြက်ဥ၊ ဘဲဥ များကို (၁၀.၁၂.၂၀၂၄) ရက်နေ့က ပုသိမ်၊ မော်ကျွန်း၊ ဇလွန်မြို့နယ်များသို့ ကြက်ဥ အလုံးရေ ၂၁၃၀၀လုံး တင်ပို့ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
DOCA (ဧရာဝတီ)