Main menu

မအူပင်မြို့တွင် ဆန်အရောင်းဆိုင်များအား ဈေးနှုန်းနှင့် ဆန်ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆန်စျေးကွက်အတွင်း  စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆန်များပြတ်လပ်မှုရှိ/ မရှိကို ၅.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မိတ်ဖက်ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် မအူပင်မြို့ပေါ်ရှိ ဆန်အရောင်ဆိုင်များဖြစ်သော 999 အရောင်းဆန်ဆိုင်၊ ဦးတရုတ်ကြီးဆန်ဆိုင်၊ ရွှေလင်းယုန်ဆန်ဆိုင်၊ ဝင်းသိင်္ဂီဆန်ဆိုင်၊ အောင်ဆန်ဆိုင်နှင့် သော်သော်ဆန်ဆိုင်တို့တွင် ဆန်ပြတ်လပ်မှုရှိ/ မရှိ၊ ဆန်အိတ်သိုလှောင်ထားမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်းသိရသည်။  

             စစ်ဆေးရာတွင် စပါးသစ်များထွက်ပေါ်ပြီးဖြစ်၍ ဆန်ဆိုင်များမှရောင်းချလျက်ရှိသောဆန်များမှာ ဒေသထွက်စပါးများကို ဆန်စက်များကြိတ်ခွဲမှုမှဝယ်ယူ၍ ကရင်မဆန်၊ မနောသုခဆန်၊ ရက်၉၀ဆန်၊ GW11ဆန်၊ ရတနာတိုးဆန်၊ ဆင်းသုခရှယ်၊ မင်းဧရာဆန်၊ ဖျာပုံတောင်ပျံ၊ ကျားပျံဆန်များကိုရောင်းချနေပြီး၊  သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဈေးနှုန်းကပ်ဖော်ပြ၍ရောင်းချနေကြာင်း စစ်ဆေးတွေ့ရှိရသည်။  မအူပင်မြို့နယ်တွင်းစားသုံးရန် ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်း၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များတွင် ဈေးကစားရန် ဆန်များကိုသိုလှောင်ထားခြင်းမပြုရန်၊ ဆန်ဆိုင်များ ဆန်အိတ် ၁၀၀၀နှင့် အထက် သိုလှောင်ထားရှိပါက (MyRo) တွင် မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချရန်ကိုလည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)