Main menu

ဈေးကွက်အတွင်း ဆေးဝါးဖြစ်ပေါ်မှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ (၅.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင် (၈)ဆိုင်တွင် ရောင်းချနေသောဆေးများအားဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး ဦးစီးအရာရှိနှင့် မြို့နယ်ဆေးဝါးဆေးပစ္စည်းများ စစ်ဆေးရေးဌာနစုံအဖွဲ့သည် ဓနုဖြူ မြို့မဈေးအတွင်းရှိ  ဂန္ဓမာဆေးဆိုင်၊ ထွန်းဆေးဆိုင်၊ အလင်းသစ်ဆေးဆိုင်၊ တိုင်းရင်းဆေးအမျိူးမျိုးရောင်းဆေးဆိုင်နှင့်  သမာဓိဆေးဆိုင်၊ (၅)ရပ်ကွက်၊ ခိုင်ဝါဆေးဆိုင်၊ (၅)ရပ်ကွက်၊ ပရိုမက်ဆေးဆိုင်၊ (၈) ရပ်ကွက်၊ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး လုပ်ငန်းရှင်များကို ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ရန် လုပ်ငန်းအခက်အခဲများရှိပါက ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် မြေပြင်စစ်ဆေးဆောင်ရွက်ရန်၊ ဆေးဆိုင်များအားလုံးနေ့စဉ်ပုံမှန် ရောင်းချစေရေး  ကြပ်မတ်ဆောင်ရွက်ရန်၊ ဆေးဆိုင်များ၏ ဆေးဝါးနှင့် ဆေးပစ္စည်းလက်ကျန်စာရင်းများ ကောက်ယူပြုစုရန်နှင့် ဈေးကွက်လိုအပ်ချက်စာရင်းပြုစုရန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းသည့် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သည့် စက်ရုံများ၏ အခက်အခဲ များရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီး ကူညီပံ့ပိုးပေးရန်၊ ဆေးဝါး၊ ဆေးပစ္စည်း တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှာ မော်တော်ယာဉ်များနှင့် ဝန်ထမ်းများ သက်ဆိုင်ရာဆေးဆိုင်များနှင့် ဆေးသိုလှောင်သည့်နေရာများသို့ ဝင်ရောက်ကုန်ချနိုင်ရေး ကူညီပံ့ပိုးပေးရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်သွေးနိမ့်ပစ္စည်းများ၊ ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် ဥပဒေနှင့် တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူရန်တို့ကို လုပ်ငန်းရှင်များ သိရှိလိုက်နာစေရန် အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

              ဓနုဖြူမြို့နယ်အတွင်း ဆီးချိုနှင့် ပတ်သက်သောဆေးများ၊ သွေးကျဲဆေးများ၊ အနည်းငယ်ဝယ်ယူရခက်ခဲကြောင်း၊ ဆေးဈေးနှုန်းအနေဖြင့် ဈေးတက်ခြင်းမရှိကြောင်း ဆေးမျာကိုလည်း သိုလှောင်ထားရှိမှုမရှိကြောင်း၊  ဆေးဝါးများနှင့်ပတ်သက်၍ ဆေးလက်ကျန်အခြေအနေ၊ ဆေးဈေးကွက်ဈေးနှုန်းအခြေအနေများ၊ ဆေးလိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)