Main menu

ညောင်တုန်းမြို့နယ်တွင် ခရမ်းသီး စိုက်ပျိုး၍ တောင်သူ အကျိုးအမြတ်ရရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဆင့်ကူးကျေးရွာတွင် ခရမ်းသီးနှံကို နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ ခရမ်းသီးအပြင် အဓိက ငရုတ်သီးနှံကိုလည်းစိုက်ပျိုးကြကြောင်း၊ ညောင်တုန်းမြို့နယ် ဟင်းသီးဟင်းရွက် စိုက်ဧက ၁၁၀ ခန့် စိုက်ပျိုးကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်တွင် ခရမ်းသီးစိုက်တောင်သူ ၂၀ ဦးခန့်ရှိသည်။

     ခရမ်းသီးစိုက်ပျိုးမှုအနေဖြင့် မျိူးစေ့ကို ပျိုးထောင်ပြီး အပင်ဖောက်၍ မြေသားတွင် ဘောင်ပြုလုပ်၍ စိုက်ပျိုးကြောင်း၊ ယခုစိုက်ဧက (၀.၈၅)ဧကတွင် မြေဘောင် ၄၀ ပြုလုပ်၍ အပင်ရေ ၄၀၀စိုက်ပျိုးထားကြောင်း   ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ခရမ်းသီးအပင်ကို ၁၈လက်မမှ ၁၄လက်မခြား စိုက်ပျိုးကြောင်း၊ ၂လအကြာတွင် အသီးစတင်ခူးစွပ်ရရှိပြီဖြစ်၍  အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စတင်ခူးဆွတ်ချိန်တွင် ပိဿာ(၆၀)ခန့်ထွက်ရှိပြီး အထွက်နှုန်းအများဆုံး ခရမ်းသီးအလုံးရေ (၁၇၀၀)ခန့် ထွက်ရှိ ကြောင်း သိရှိရပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊မြေပြင်ခြင်း၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ လုပ်သားခ၊ စုစုပေါင်း(၉၀၀၀၀၀) ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၆ရက်နေက ခရမ်းသီး အလုံး၁၀၀ကို ၉၀၀၀ကျပ်ဖြင့် ရောင်းချသည်။ ၁ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၆၃၀၀၀၀ ကျပ် အကျိုးအမြတ်ရပြီး စိုက်ပျိုးမှု တွက်ခြေကိုက်သော သီးနှံတစ်ခုဖြစ်သည်။

     ဈေးကွက်တင်ပိုမှုအနေဖြင့် ရန်ကုန်စျေးကွက်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ရန်ကုန်မှ အခြားတိုင်းဒေသကြီးများသို့လည်းတင်ပို့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)