Main menu

ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပြည်ပပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

             ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများ၊ ပြည်ပပို့ကုန် (၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

              ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းထုတ်လုပ်တင်ပို့နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းထုတ်ကုန်များအား ပြည်ပသို့ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပို့ကုန်များတင်ပို့နေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြည်ပပို့ကုန်များတိုးမြှင့်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်ပြီး ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  လက်ရှိတင်ပို့နေသည့်ထုတ်ကုန်များ ပိုမိုထွက်ရှိပိုမိုတင်ပို့နိုင်အောင် နည်းလမ်းများရှာဖွေ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ငါး၊ ပုစွန်၊ ဂဏန်းများကို ပြည်ပသို့တင်ပို့လျက်ရှိပါကြောင်း၊ ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပီလောပီနံလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါလက်မှုလုပ်ငန်းများနှင့် MSME ထုတ်ကုန်များကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန်လိုအပ်ပါကြောင်းနှင့် လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးပေးရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်၊၊

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား စီးပွားရေးရာဝန်ကြီးနှင့်ကဏ္ဍစုံ ပြည်ပသို့ တင်ပို့နေသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဆန်နှင့် ဆန်ကွဲ ပေါင်းဆန် ထုတ်ကုန်များထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှုနှင့် ထုတ်ကုန်ပိုမိုတင်ပို့နိုင် ရေးဆောင်ရွက်ထား ရှိမှုအခြေအနေများ၊ ပေါင်းဆန်ထုတ်လုပ်မှု ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက ပေါင်းဆန်ထုတ်လုပ်မှု၊ ကုန်ကြမ်းစုဆောင်းထားရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ ပဲမျိုးစုံတင်ပို့ရောင်းချမှုအသင်း ဥက္ကဌမှ မတ်ပဲ၊ ပဲတီစိမ်း စသည့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊  အစေ့ထုတ်ပြောင်းအသင်းဥက္ကဌက အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချမှု အခြေအနေများ၊ ရေထွက်ကုန်ပစ္စည်း (ငါး၊ ပုစွန်၊ ဂဏန်း) တင်ပို့ရောင်းချမှု ကုမ္ပဏီများမှထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချမှုအခြေအနေများ၊ ပီလောပီနံအသင်းဥက္ကဌမှ ပီလောပီနံထုတ်လုပ် တင်ပို့ရောင်းချမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။

            ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ နှစ်ဆတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ ARCCI ဥက္ကဌမှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ပိုမိုစိုက်ပျိုးထုတ်လုပ်မည့် အခြေအနေများ၊ ကုန်ထုတ်သုတေသန၊ ဈေးကွက်သုတသေန ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များနှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းမှု ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို နေလယ်(၁၃:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)