Main menu

ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသော သခွားသီး တောင်သူအကျိုးအမြတ် ရရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ကျုံပိုင်ကျေးရွာ၊ လမန်းအုပ်စုတွင်တွင် သခွားသီးနှံကို နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ ဓနုဖြူမြို့နယ် ဟင်းသီးဟင်းရွက် စိုက်ဧက ၇၀ ခန့် စိုက်ပျိုးကြောင်း သိရသည်။ ဓနုဖြူတွင် သခွားစိုက်တောင်သူ ၁၀ဦးခန့်ရှိသည်။

    သခွားစိုက်ပျိုးမှု မျိုးအနေဖြင့် စိုက်ပျိုးရေနှင့် သီးနှံအရောင်းဆိုင်တွင် ဝယ်ယူစိုက်ပျိုးကြပြီး တစ်ထုတ်လျှင် ၁၃၀၀၀ကျပ်ဝယ်ရကြောင်း၊သခွားစိုက်ဧက (၀.၈၅)ဧက အကျယ်တွင် မြောင်း ၁၅ဘောင်ဖြင့် ခြံခတ် စင်တင်စိုက်ပျိုးနေကြောင်း၊ သခွားမျိုးမှာ သုပ်စားရသောသခွားနှင့် တို့စရာ သခွားများဖြစ်သည်။

   သခွားသီး စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မျိုး၊  လုပ်သားခ၊ ထွန်ယက်ခ၊ ဝါးဖိုး အပါအဝင် ငွေကျပ် ၁၅သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးချိန်မှာ အောက်တိုဘာလဝက်မှ စတင်စိုက်ပျိုးပြီး သီးနှံထွက်ပေါ်ချိန်မှာ သက်တမ်း ၄၅ရက်တွင် စတင်သီးကြောင်း၊  ၁ပတ်လျှင် ၁ကြိမ်နှုန်းခူးစွပ်၍  ၁လလျှင် ၈ကြိမ်မှ ၁၀ကြိမ်အထိ ၂လအတွင်း သခွားသီး အကြိမ်၂၀ကြိမ်ခန့် ခူး ရကြောင်း၊ တစ်ကြိမ်ခူးလျှင် အကြီး၊ အသေး ပျမ်းမျှ အလုံးရေ ၂၀၀ ထွက်ရှိသည်။ သခွားသီးထွက်ရှိမှု စိုက်ဧကအပေါ် အလုံးရေ ၄၀၀၀ ခန့်ထွက်ရှိကြောင်း သိရသည်။

      ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလဆန်းပိုင်းတွင် သခွားသီး အလုံးအကြီး/အသေးပေါ်မူတည်၍ ၁လုံးလျှင် အသေး ၃၀၀ကျပ်၊ အကြီး ၁လုံး ၅၀၀ကျပ်နှုန်း  ထိ လက်ကာဈေးဖြင့် ကုန်သည်များထံရောင်းချကြောင်း၊ သခွားသီး အကြီး တစ်လုံးကို ရန်ကုန်ဈေးကွက်တွင် ၁၀၀၀ကျပ် ထိ ဈေးကောင်းနေကြောင်း သိရသည်။ ငွေကျပ် ၂,၀၀၀,၀၀၀ ခန့်ရရှိ၍ ၅သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့ အဓိက တင်ပို့ရောင်းချပြီး မြို့နယ်နှင့်နီးသော မအူပင်၊ ညောင်တုန်း၊ ပန်းတနော် ကျိုတ်လတ်၊ ဖျာပုံ၊ မော်ကျွန်း သို့ တင်ပို့ရောင်းချကြောင်း၊ သခွားသီးနှံကို အောက်တိုဘာလမှ ဧပြီလအထိ ဆက်တိုက် စိုက်ပျိုးနေ ကြောင်းနှင့် အကျိုးအမြတ်များ ရရှိသောကြောင့် သခွားသီးနှံကို နှစ်စဉ်စိုက်ပျိုး လျက်ရှိသည်။ သခွား စိုက်ပျိုးသူ ဦးမြင့်စိန်မှ ထိုင်ဝမ် ဒန့်ဒလွန်နှစ်ရှည်သီးနှံကို သခွားစိုက်ပျိုးသည် ဘေးပတ်လည်တွင် ကြားညှပ်စိုက်ပျိုးလိုကြောင်းနှင့် စိုက်ပျိုးနိုင်ပါက ပိုမိုအကျိုး အမြတ်ရရှိနိုင်ကြောင်းကိုလည်း ဆက်လက်ရှင်းလင်းပြောပြ၍ သိရှိရသည်။

DOCA(ဧရာဝတီ)