Main menu

မအူပင်မြို့နယ်ထွက် ကျားသစ်ပဲမုန့်လုပ်ငန်း ဈေးနှုန်းဈေးကွက်

Powered by Drupal

             ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သည့် ကျားသစ်ပဲမုန့်လုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့လယ်ဘုရားအရှေ့၊ တေဇလမ်းတွင် ထုတ်လုပ်ဖြန့်ဖြူရောင်းချနေသော မြို့နယ်တွင်းတပိုင်တနိုင်မုန့်လုပ်ငန်းတစ်ခုဖြစ်ပြီး မုန့်ထုတ်လုပ်ဖြန့်ဖြူးရေးချနေမှုကို ကွင်းဆင်းလေ့လာခဲ့ကြသည်။

            ကျားသစ်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ယခုမရွေး ပဲမုန့်လုပ်ငန်းကို ၂၀၁၅ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ ပဲမုန့် ထုတ်လုပ်ရာတွင် ကုန်ကြမ်းမှာ ပဲတီစိမ်း၊ ရေဂျုံ၊ ဘဲဥ၊ ကြက်ဥ၊ သကြား၊ ထောပတ်၊ တို့ကိုအသုံးပြုကြောင်း၊  ထုတ်လုပ်မှုအဆင့်ဆင့် ကုန်ကျစရိတ်အနေဖြင့် အထုတ်တစ်ကြိမ်ထုတ်လုပ်ပါက ကုန်ကြမ်း၊ လုပ်သားခအပါအဝင် ငွေကျပ် ၇၀၀,၀၀၀ ကျပ် ရင်းနှီးထုတ်လုပ်ရကြောင်း၊ ထုတ်လုပ်မှုအကျိူးအမြတ်အနေဖြင့်      ၉၀၀,၀၀၀ကျပ် ရရှိ၍ ၂၀၀၀၀၀ ကျပ် အကျိုးအမြတ်ကျန်ရှိကြောင်း၊ ကုန်ကြမ်းကို ရန်ကုန်ဘုရင့်နောင်မှ မှာယူဝယ်ပြီးထုတ်လုပ်မှု ဒေသထွက်ပဲတီစိမ်းကိုလည်း ဝယ်ယူအသုံးပြုကြောင်း၊  ကျားသစ်ပဲမုန့်ထုတ်လုပ်မှု မုန့်အမျိုးအစားမှာ ကျားသစ်ပဲမုန့်၊ ပူတင်းချွန်မုန့်၊ ဖရုံမုန့်၊ ဘဲဥမုန့်၊ အငံမုန့်၊ ကြက်ဥပူတင်းမုန့်၊ ကြက်ဥပေါင်မုန့်၊ ကျားသစ်ကိတ်မုန့်၊ ရောင်းချကြောင်း သိရသည်။

              ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်ဈေးနှုန်း အနေဖြင့်   ပဲမုန့်(၆)ခုပါ ဗူးသေး ၄၀၀၀ကျပ်၊ ပဲမုန့်(၁၅)ခုပါ ဗူးကြီး ၆၅၀၀ကျပ်၊ ဘဲဥမုန့် ၆ခုပါ ဗူးသေး ၄၀၀၀ကျပ်၊ ဘဲဥမုန့် ၁၅ခုပါ ဗူးကြီး ၈၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် ဒေသတွင်းတွင်ရောင်းချခြင်းနှင့် ရန်ကုန်သို့ ဖြန့်ဖြူးရောင်းချကြောင်း၊ အသေးစားစက်မှုလုပ်ငန်းခွင့်ပြချက်၊ စည်ပင်လုပ်ငန်းလိုင်စင်၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိအမှတ်ပြု ထောက်ခံချက်ရရှိထားပြီး မအူပင်မြို့နယ်အတွင်း ရောင်းအားကောင်းသော မုန့်လုပ်ငန်းဖြစ်၍ အခြားဒေသများမှ မှာယူကြသဖြင့် အောင်မြင်သော အသေးစား၊ အလတ်စား၊ အငယ်စား ထုတ်ကုန်တစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

 

DOCA(ဧရာဝတီ)