
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၁၀.၁၂.၂၀၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပန်းတနော်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မုန့်မျိုးစုံအရောင်းဆိုင် (၇)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးရာတွင် ဈေးကွက်တွင်ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး၌ စားသုံးသူကာကွယ်ပေးရေးဥပဒေအရ အခန်း(၁၈)ပုဒ်မ (၄၁) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမှ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းပါဝင်မှုရှိ/ မရှိနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များပါဝင်မှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) မြန်မာဘာသာဖြင့်ဖော်ပြရာတွင် ကုန်စည်အမျိုးအစားနှင့် အရွယ်အစားပေါ် အခြေခံ၍ဖော်ပြရန် လိုအပ်သည့်အချက်အလက်များကို စားသုံးသူသို့ လက်လီရောင်းချမည့်ကုန်စည်၏ ထုပ်ပိုးပစ္စည်းပေါ် တွင် ဖော်ပြရန်တို့ကို ရောင်းချသည့်လုပ်ငန်းရှင်များသိရှိနိုင်ရန် အသိပေးပြောကြား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။
ပန်းတနော်မြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချနေသောဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြသော မုန့်အမျိုးမျိုးကို ရောင်းချနေပြီး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောစံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှခွင့်ပြုထားသော ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။
DOCA(ဧရာဝတီ)