Main menu

ဂေါ်ဖီထုပ်ဈေးကွက်ဈေးနှုန်း အခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ဒါးက၊ ကန်ကြီးထောင့်၊ ဆိပ်ကြီး၊ ကွင်းယားကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ မှာယူရောင်းချကြပါသည်။ ဂေါ်ဖီထုပ်ကို ကြော်စား၍လည်းကောင်း၊ အသုပ်များ သုပ်စားရာတွင် လည်းကောင်း၊  မြန်မာ့ရိုးရာ ငပိနှင့် တွဲဖက်စားသောက်ရာတွင်လည်း အသုံးပြုလျက်ရှိပါသည်။ဂေါ်ဖီထုပ်ဈေးနှုန်းမှာ ဒီဇင်ဘာလအတွင်း ဂေါ်ဖီထုပ် အကြီး (၁) ထုပ်လျှင် (၃၀၀၀) ကျပ်၊ အသေး (၁) ထုပ်လျှင် (၂၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန်ကြီးထောင့်မြို့နယ် မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)