ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးသုံးအရောင်းဆိုင်များမှ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးသီးနှံ လယ်ယာမြေသုံး မြေဩဇာများ ရောင်းချပေးလျက်ရှိသော ဆိုင်များသို့ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဈေးနှုန်းဈေးကွက် ရောင်းချနေမှုများကို အပါတ်စဉ် စာရင်းကောက်ယူ၍ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိရာ (၆.၁၂.၂၀၂၄) ရက်နေ့က ရောင်းချနေသောစိမ်းလန်းမြေ စိုက်ပျိုးရေး အရောင်းဆိုင်မှ ရောင်းချနေသော ယူရီးယား (အာမို) ၁အိတ် ၉၂၀၀၀ကျပ်၊ ယူရီယား (ဩဘာ) ၁အိတ် ၉၅၀၀၀ကျပ်၊ ယူရီးယား (ရွှေနဂါး) ၁အိတ် ၉၆၀၀၀ကျပ်၊ တီစူပါ(သံကွင်း) တရုတ် ၁အိတ် ၁၃၀၀၀၀၊ ပုလဲ (ရွှေတောင်) တရုတ် ၁အိတ် ၁၀၀၀၀၀ကျပ်၊ ဩဘာ ရွှေကောမတ် ၁အိတ် ၁၄၅၀၀၀ကျပ်၊ အာမို ပိုတက် ၁အိတ် ၁၃၃၀၀၀ကျပ်၊ ဂျာမဏီ ပိုတက် ၁အိတ် ၁၂၃၀၀၀ကျပ်၊ ကွန်ပေါင်း (ကောမတ်) (15,15,15) (ဩဘာ) ၁အိတ်၊ ၁၂၅၀၀၀ကျပ်၊ ကွန်ပေါင်း (18,18,18) ၁အိတ် ၁၅၉၀၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း လေ့လာသိရှိရသည်။
ယခုအပတ် ဈေးဖြင့် နှိုင်းယှဉ်လျှင် ဓါတ်မြေဩဇာ ၄မျိုး အနည်းငယ်မြင့်တက်လာပြီး (၁၂.၁၂.၂၀၂၄) ရက်နေ့က ယူရီးယား (ဩဘာ) ၉၈၀၀၀ကျပ်၊ (၂၀၀၀)ကျပ်ဈေးတက်၊ ရွှေနဂါး (ယူရီးယား) ၉၇၀၀၀ကျပ်ဖြစ်၍ (၁၀၀၀)ကျပ်ဈေးမြင့်တက်၊ ပုလဲ(ရွှေတောင်) တရုတ် ၁၀၅၀၀၀ကျပ်ဖြစ်၍ (၅၀၀၀)ကျပ်ဈေးတက်၊ ကွန်ပေါင်း (ကောမတ်) (15,15,15) (ဩဘာ) ၁၃၀၀၀၀ကျပ်ဖြစ်၍ (၅၀၀၀)ကျပ် ဈေးမြင့်တက်လာကြောင်း တွေ့ရပြီး အခြားသော စိုက်ပျိုးရေးသုံးမြေဩဇာများ တည်ငြိမ်လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်း တောင်သူများ အမြဲဝယ်ယူအသုံးပြုသူများကို ဈေးနှုန်းမှန်ကန်စွာဖြင့် ပုံမှန် ရောင်းချပေးနေကြောင်း လေ့လာသိရှိရပါသည်။
DOCA(ဧရာဝတီ)