
စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၁၁.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိကုန်စုံဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် တာဝန်ရှိဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။
စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)