Main menu

ရွှေတောင်ဒေသထွက်ငရုတ်သီးစိမ်းဈေးကွက်

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများဖြစ်သော ဝါးလည်ရွာ၊ မြို့မကျေးရွာ၊ မင်းတဲကျွန်း၊ ကသစ်တိုင်းစသည့်နေရာများတွင် အများအပြား ငရုတ်သီးစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ ယခုလိုမိုးတွင်းရာသီတွင် ငရုတ်သီးစိမ်းများ လှိုင်လှိုင်ပေါ်လာပြီးဈေးကောင်းလည်းရရှိနေကြောင်း သိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်သီးစိမ်းအမည်များမှာ ဒေသအလိုက် အခေါ်အဝေါ်များမတူညီကြောင်းနှင့် ပဲခူးတိုင်းအနောက်ပိုင်းတွင် အများဆုံးစိုက်ပျိုးသော ငရုတ်သီးစိမ်း အမျိုးအမည်များမှာ ကုလားအော်သီး၊ မိုးမျှော်ငရုတ်သီး၊ ရွှေအပ်သီးနှင့် ပီနန်သီးတို့ကို စိုက်ပျိုးကြောင်း သိရပါသည်။ ငရုတ်သီးစိမ်းအပင်များသည် ရေမဝပ်သော သဲနှုန်း၊ မြေပွများကို နှစ်သက်ကြပါသည်။ ထို့အတွက်ကြောင့် သဲမြေနုများရှိသည့် ကျွန်းတဲဒေသများတွင် ငရုတ်သီးစိမ်းများပိုမိုထွက်ရှိကြောင်း သိရပါသည်။ ငရုတ်သီးစိမ်းတစ်ဧကလျှင် အပင်ပေါင်း ၉၀၀/၁၀၀၀ခန့် စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ငရုတ်ပင်ကိုစိုက်ပျိုးပြီး (၃)လအကြာတွင် ဈေးကွက်အတွင်းရောင်းချရန် ခူးဆွတ်ရကြောင်းသိရပါသည်။ ထွက်ရှိလာသော ငရုတ်သီးစိမ်းများအား ဈေးကွက်အတွင်းရောင်းချရာတွင် သြဂုတ်လတတိယအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)