Main menu

ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်တွင် မုန်လာဥ(ဖြူ)ဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်တွင် စားသုံးသူတို့၏ အခြေခံစားကုန်တစ်မျိုးဖြစ်သော ဆောင်းသီးနှံ မုန်လာဥ(ဖြူ)များလည်း နေ့စဉ် ရောင်းဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ကုန်စိမ်းသီးနှံ မုန်လာဥ(ဖြူ) စိုက်ပျိုးမှုကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး မြစ်ခြေ၊ ကမ္မမြို့နယ်များ၌ ပခုက္ကူကျွန်းကျေးရွာ များဖြစ်သည့် ကျွန်းဦး၊ ကျွန်းညိုကြီးကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ဒေသထွက် ကုန်စိမ်းသီးနှံများ စတင်ပေါ်ချိန်ဖြစ်၍ ပခုက္ကူဈေးကွက်သို့ မုန်လာဥ(ဖြူ)များ စတင် ဝင်ရောက်၍ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)မှစ၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ၍ ဈေးကွက်သို့ သီးနှံဝင်ရောက်မှုများ၍ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     မုန်လာဥ(ဖြူ)အကြီးအသေးနှင့် သီးနှံလတ်ဆတ်မှုပေါ်မူတည်၍ ဈေးနှုန်းမတူညီကြောင်း၊ ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ(ပထမပတ်)တွင် မုန်လာဥ(ဖြူ)(၅)လုံးပါ တစ်စည်းလျှင် ကျပ် (၁၂၀၀ - ၅၀၀) ပေါက်ဈေးရှိပြီး ယခင်နိုဝင်ဘာလ(တတိယပတ်)တွင် မုန်လာဥ(ဖြူ)(၅)လုံးပါတစ်စည်းလျှင် ကျပ်(၁၂၀၀ - ၂၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့၍  ယခင်ယခုဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ငွေကျပ်(၇၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုအချိန်တွင် မုန်လာဥများလှိုင်လှိုင်ထွက်ရှိနေပြီး ဈေးကွက်သို့ ဝင်ရောက်မှုများလာသောကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)