သီရိလင်္ကာအစိုးရဝန်ကြီးများအဖွဲ့သည် ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ သက်တမ်းတိုးခွင့်ပြုခဲ့သည်ဟု ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး Dr. Nalinda Jayatissa က ပြောကြားခဲ့ပါသည်။
သို့သော် ပြည်တွင်းဈေးကွက်များတွင် ဆန်ပြတ်လပ်မှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန် တိုင်အောင် ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိသည်ကို လေ့လာတွေ့ရှိရသည်ဟု ဝန်ကြီးက မှတ်ချက်ပြုခဲ့ ကြောင်း သိရသည်။
ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုး တိုးတက် ရေးဝန်ကြီးမှ အဆိုတင်သွင်းခဲ့သော ပုဂ္ဂလိကကဏ္ဍမှ သွင်းကုန်လုပ်ငန်းရှင်များအား သွင်းကုန် ထိန်းချုပ်လိုင်စင် မလိုအပ်ဘဲ ဆန်တင်သွင်းခွင့်ပြုသည့် ကာလကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ တိုးမြှင့်ပေးရန် တင်ပြချက်ကို အစိုးရအဖွဲ့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် ဆန်ပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိရာ လက်ရှိကာလ၌ သီရိလင်္ကာ နိုင်ငံပိုင် ကူးသန်းရောင်းဝယ်ရေးကော်ပိုရေးရှင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့၌ ကျင်းပခဲ့ သည့် အစိုးရ အဖွဲ့အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ဆန်မက်ထရစ်တန် ၇၀၀၀၀ ဝယ်ယူရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် သွင်းကုန် ထိန်းချုပ်လိုင်စင် မလိုအပ်ဘဲ ဆန်တင်သွင်းနိုင်ခွင့်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ အစိုးရက ခွင့်ပြုပေးထားခဲ့ကြောင်း သိရပါသည်။
Source: Ada Derana, 24 Dec 2024