
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဈေးကွက်အတွင်းတွင် Goody၊ ရွှေပဲ၊ Duck ၊ အမေထွား အစရှိသည့် စားသုံးဆီအမျိုးမျိုးတို့ကို ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ရှမ်း)