Main menu

ပြည်ကုန်စည်ဒိုင်၏ ဒီဇင်ဘာလ ဒုတိယပတ် ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

           ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးနှင့် ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် (၁၁၄၀၀၀)ကျပ်ဖြင့် ရန်ကုန်အရောင်းအဝယ် တစ်ရက်တွင် အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းလျှင် (၉၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် တစ်ရက်တွင် အိတ်(၅၀၀-၆၀၀)ခန့် ရှိပါသည်။ ကုလားပဲ (HL)တစ်တင်းကို (၁၀၂၅၀၀-၁၀၃၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၃၀၀)ခန့် ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲကြီး(‌ရွှေကျွန်း)တစ်တင်းကို (၈၈၀၀၀)ကျပ်၊  ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် (၈၂၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများနှင့် နယ်စုံအရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် (၂၅၀-၃၀၀)ခန့်ရှိပါသည်။ ဘိုကိတ်ပဲသစ်များအဝင်ရှိပြီး တစ်တင်းကို (၉၀၀၀၀-၉၂၀၀၀)ကျပ်ဖြင့် ဈေးဖွင့်အဝယ်ရှိပြီး တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။ ပြည်ကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနှင့် စားတော်ပဲ လက်ကျန်နည်းနေပြီး အရောင်းအဝယ်မှာ နည်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)