Main menu

ဈေးကွက်အတွင်း ရောင်းချသည့် ရုံးပတီသီးဈေးကွက်

Powered by Drupal

            ရုံးပတီသီးအပင်သည် အပင်အနိမ့်အမြင့်ပေါ်မူတည်ပြီး အသီးပုံသဏ္ဍာန်အမျိုးမျိုးရှိပါသည်။ အပင်ငယ်မျိုးကို ၂ပေ ၃ပေကြား ခွာစိုက်ပျိုးရပါသည်။ စိုက်ပျိုးရာတွင် ရုံးပတီသီးစေ့အား ရေစိမ်ထားပြီးမှ မြေကြီးအတွင်း စိုက်ပျိုးရပါသည်။ ရုံးပတီသီးအပင်သည် တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရသည့် အပင်မျိုးဖြစ်ပါသည်။ ရုံးပတီတောင့်များသည် အပင်ခြေမှ ထိပ်ဖျားသို့ အစဉ်လိုက်ရင့်မှည့်ပါသည်။ ရုံးပတီသီးတောင့်များသည် မိုးရာသီစိုက်ပျိုးသည့်အပင်မှထွက်သော အသီးနှင့် နွေရာသီစိုက်ပျိုးသည့် အပင်မှထွက်ရှိသည့် အသီးများသည် အလုံးချောမတူညီပေ၊ မိုးရာသီတွင် ထွက်ပေါ်သော ရုံးပတီသီးတောင့်များသည် အစိမ်းရောင်ပိုတောက်ပြီး အရွယ်အစားမှာလည်းကြီးပြီး ဈေးမှာလည်းသက်သာပါသည်။ ရုံးပတီသီးအတောင့် ၁၀၀တွင် ပါဝင်သော ရုံးပတီသီးအစေ့များကို စိုက်ပျိုးလျှင် မြေ ၁ဧက စိုက်ပျိုး နိုင်ပါသည်။ ရုံးပတီသီးတောင့်များအား ပြည်ဈေးကွက်တွင်ရောင်းချလျှက်ရှိရာ ရောင်းချသောဈေးနှုန်းများမှာ အကြီးတောင့် (၁၀)တောင့် လျှင် (၂၀၀)ကျပ်၊ အလတ်အသေးတောင့် များအား (၁၀)တောင့်လျှင် (၁၅၀)ကျပ်ဖြင့် ရောင်းချနေ ကြောင်း သိရပါသည်။ ရုံးပတီသီးပင်များအား ပြည်မြို့နယ် ဒေသတစ်ဝိုက်တွင် အများအပြားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)