Main menu

ရွှေတောင်မြို့နယ် အ.မ.က ရှင်ညိုကျောင်းတွင်စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မဲတောအုပ်စု၊ ရှင်ညိုကျေးရွာရှိ အ.မ.က ရှင်ညိုကျောင်းတွင် (၁၂.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စားသုံးသူအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်မှ ကုန်အညွှန်းအမှတ်အသား (၈)ချက်ကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများ မုန့်မျိုးစုံနှင့် ကုန်ပစ္စည်းများဝယ်ယူသုံးစွဲသည့်အခါ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြသော ကုန်ပစ္စည်းများအားဝယ်ယူသုံးစွဲရန်အား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ထိုနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ကလေးအလုပ်သမားပပျောက်ရေး ပိုစတာများအားရှင်းလင်းခြင်း၊ လက်ချောင်းလေးများသန်မာစေရန် လက်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် ပုံပြင်စာအုပ်များကို ကျောင်းသား/ ကျောင်းသူ (၅၈)ဦးအား ဖတ်စေခြင်းစသောအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)