Main menu

ပြည်ဈေးကွက်တွင် ငချိပ်ကန်စွန်းဥများအရောင်းသွက်

Powered by Drupal

         ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်‌တောင်ကြီးဘက်မှ ငချိပ်ကန်စွန်းဥများအဝင်ရှိနေပြီး တစ်ရက်လျှင် အချိန် (၁၀၀-၁၂၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ ဝင်ရောက်မှုအနေဖြင့် တစ်ပတ်လျှင် (၂)ကြိမ်ခန့်အဝင်ရှိပြီး တစ်ပတ်လျှင်ပိဿာချိန် (၇၀၀-၈၀၀) ခန့်ဝင်ရောက်မှုရှိနေပါသည်။ ပုံမှန်မုန့်ပဲသရေစာရောင်းချသူများနှင့် တိုက်ရိုက်စားသုံးသူများမှ နေ့စဉ်အဝယ်ရှိသဖြင့် တစ်ပတ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တောင်ကြီးဘက်မှအဝင်ရှိသော ငချိပ်ကန်စွန်းဥအရသာမှာချိုပြီး မဖွယ်ဘဲစေးသဖြင့် ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိနေတာဖြစ်ကြောင်း သိရပါသည်။ ဈေးနှုန်းအားဖြင့် တစ်ပိဿာလျှင် ကျပ် ၃၈၀၀-၄၀၀၀ နှုန်းရောင်းချပြီး လက်လီ ၂၅ကျပ်သားကို ကျပ် ၁၂၀၀နှုန်းဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)