စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ခရိုင်ရှိ မြို့နယ်များဖြစ်သော ပေါက်ခေါင်းမြို့နယ်တွင် (၅.၁၁.၂၀၂၄)နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် ပေါက်ခေါင်းမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့် စတိုးဆိုင်လုပ်ငန်းရှင်များအားလည်းကောင်း၊ ပြည်မြို့နယ်တွင် (၁၂.၁၁.၂၀၂၄)နေ့၌ နဝဒေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နဝဒေးစက်မှုဇုန် ရှိလုပ်ငန်းရှင်များ အားလည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် (၁၉.၁၁.၂၀၂၄)နေ့၌ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် ရွှေတောင်မြို့ပေါ်ရှိ Onlineစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် (၂၇.၁၁.၂၀၂၄)နေ့၌ မင်းရပ်ရပ်ကွက်ရှိ Online စနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအားလည်းကောင်း မြို့နယ်အသီးသီးတွင် တွေ့ဆုံ၍ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အဆိုပါလုပ်ငန်းရှင်များအား Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ပြီး မှတ်ပုံတင်လက်မှတ် မရှိဘဲ ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ကို Online ဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေ ဖြင့် အဆိုပါ မှတ်ပုံတင်ပါဖော်ပြပါ အချက်အလက်များနှင့် မြေပြင်အချက်အလက်များ မှန်ကန်ခြင်းရှိ/မရှိ ဆောင်ရွက်ရမည့်အကြောင်း၊ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်း ဆိုင်ရာ အမိန့်အရ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းဆိုင်ရာ အကြောင်းအရာများ၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ အခွင့် အရေးနှင့်တာဝန်များအကြောင်း၊ အဆိုပါလိုက်နာရမည့် တာဝန်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်းတွေ့ရှိပါက သက်ဆိုင်ရာမှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့်ဆိုင်းငံ့ခြင်းနှင့် မှတ်ပုံတင်လက်မှတ်ပယ်ဖျက်ခြင်းတို့ကို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စသည့်အချက်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)