ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် အချိန်မရွေးဝယ်ယူစားသုံးနိုင်သည့် ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် ဆန်မရွေးကို ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင်လည်း စားသုံးသူများအနေဖြင့် စိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ပါသည်။ ဆန်မရွေးမှာ မြန်မာ့ရိုးရာအစားအစာဖြစ်သည့်အတွက် တောနေမြို့နေလူတန်းစားများကြိုက်သော သရေစာမုန့်ဖြစ်ပြီး ၎င်းကို ကုန်ကြမ်းရရှိမှုအနေဖြင့် ပြည်မြို့နယ်အတွင်း ဆန်စက်များနှင့် ဆန်ပွဲရုံများမှ ဆန်ကွဲနှင့် ဆလပ်ကိုဝယ်ယူပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြပြီး နေ့စဉ်ဝင်ငွေရရှိသော လုပ်ငန်းလည်းဖြစ်ပါသည်။ ပြည်ဒေသထွက်ဆန်မရွေးကို အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြောင်းလည်း သိရပါသည်။ ဆန်မရွေးတစ်ပိဿာလျှင် ( ၇၀၀၀)) ကျပ်ရှိပါသည်။ ဆန်မရွေးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် ငွေကြေးအရင်းအနှီး၊ နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ပါက လုပ်ငန်းများ ယခုထက်ပိုမိုတိုးချဲ့လုပ်ကိုင်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)