Main menu

ဆန်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့ရှိ  ဆန်စက်များနှင့်ဆန် လက်လီ/လက်ကားဆိုင်များသို့သွားရောက်၍  ဆန်စက်ပိုင်ရှင်များ၊ ဆန်အရောင်း ကိုယ်စာလှယ်များနှင့် (၄.၁၂.၂၀၂၄) ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆန်စက်ပိုင်ရှင်များ၊ ဆန်အရောင်းကိုယ်စာလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးတို့ တွေ့ဆုံဆွေးနွေးရာတွင် စပါးဈေးနှုန်းများ လက်ရှိပေါက် ဈေးနှင့်ဧည့်မထဆန်၊ သုခဆန်၊ ဇီယာဆန်၊ ရိုးရိုးပေါ်ဆန်နှင့် ဖျာပုံဆန်များ၏ လက်ရှိဈေးနှုန်းများကို မေးမြန်းခဲ့ပါသည်။ စပါးများဝယ်ယူခြင်း၊ သယ်ယူခြင်းများတွင်လည်း အခက်ခဲတစ်စုံတစ်ရာရှိ/ မရှိ၊ စပါးများသိုလှောင်ထားသည့်အခြေအနေများ၊ စပါးကြိတ်ရာတွင် အခက်ခဲရှိ/ မရှိများကို မေးမြန်းခဲ့ပါသည်။ စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် ဆန်၊စပါးများကို သတ်မှတ်ရည်ညွှန်း ဈေးဖြင့်ရောင်းချပေးရန်လဲ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြောင်းသိရှိရပါသည်။

 DOCA(ပဲခူး)