Main menu

ညောင်လေးပင်မြို့ပေါ်တွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများရောင်းချပေး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အခြေခံစားသောက်ကုန်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပါသည်။

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကွပ်ကဲမှု၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် စားသုံးသူပြည်သူများအား ချိုသာသော ဈေးနှုန်းဖြင့် ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ရောင်းချရာတွင် ကြက်ဥတစ်လုံးလျှင် (၃၇၅) ကျပ်နှုန်းဖြင့် တစ်ရက်လျှင် အလုံး (၃၀၀) ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)