Main menu

ဒိုက်ဦးမြို့နယ်၊ ကမာဖရုံကျေးရွာမှ ထွက်ရှိသော ‘ထက်ရတနာ’ နှီး နှင့် ကြိမ်ခမောက်များ

Powered by Drupal

               ပဲခူးတိုင်းဒေသကြီးသည် ရေမြေဧရိယာ ကျယ်ဝန်းကာ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးသော တိုင်းဒေသကြီးတစ်ခု ဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများ တွင်ကျယ် ထွန်းကားပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ငန်းများမှသည် စီးပွားဖြစ်အထိ လုပ်ကိုင်ကြသည်။ တိုင်းဒေသကြီးအတွင်းတွင် လက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ၊ အဝတ်အထည် စက်ရုံများ၊ မွေးမြူရေးခြံများ၊ အရောင်းအဝယ်လုပ်ငန်းများလည်း တွင်တွင်ကျယ်ကျယ် လုပ်ကိုင် ကြသည်။ ထို့အထဲတွင်မှ ဒိုက်ဦးမြို့နယ်၊ ကမာဖရုံကျေးရွာရှိ ‘ထက်ရတနာ’ နှီး နှင့် ကြိမ် ခမောက်များ သည် လက်မှုလုပ်ငန်းများဈေးကွက်ထဲတွင် အရောင်းသွက်လာကြောင်း သိရသည်။

               ဒိုက်ဦးမြို့နယ်၊ ကမာဖရုံကျေးရွာမှ ‘ထက်ရတနာ’ လက်မှုပညာလုပ်ငန်းသည် မိရိုးဖလာ တောင်သူလုပ်ငန်းအပြင်၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လက်မှုပညာလုပ်ငန်း ထွက်ဖြစ်သော ကြိမ်၊ ဝါး၊ နှီးခမောက်များကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက် ရှိပါသည်။ ‘ထက်ရတနာ’ နှီး နှင့် ကြိမ်လက်မှုပညာလုပ်ငန်းသည် ခမောက်များ သာမက တောင်းများ၊ ကုလား ထိုင်များ၊ ဗန်းများကို ထုတ်လုပ်ရောင်းချလျက်ရှိပြီး ဒိုက်ဦးမြို့နယ်တွင်သာမက ပဲခူးတိုင်းဒေသကြီး အတွင်း၌ပါ ဈေးကွက်ထဲတွင် အရောင်းသွက်နေကြောင်း သိရှိရပါ သည်။ ‘ထက်ရတနာ’ နှီး နှင့် ကြိမ် လက်မှုလုပ်ငန်းသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်ကျင်းပသော ဈေးရောင်းပွဲတော်များတွင် ပါဝင်ဆင်နွှဲရောင်းချကြောင်း သိရပါသည်။

               ကြိမ်၊ ဝါး၊ နှီးခမောက်များ ယက်လုပ်ရန် ပဲခူးရိုးမထွက် တင်းဝါး၊ ကြိမ်များကို အသုံးပြုပါသည်။ ဈေးကွက်ထဲတွင် တင်းဝါးတစ်လုံးလျှင် ၂၅၀၀ကျပ် အထိ ဈေးပေါက်နေပြီး တင်းဝါးတစ်လုံးလျှင် ဝါး၊ နှီးခမောက် သုံးလုံးခန့်မှ လေးလုံးခန့် ယက်လုပ်နိုင်ကြောင်း သိရှိရပါသည်။ ဈေးကွက်ထဲတွင် နှီးခမောက်တစ်လုံးလျှင် ၇၀၀၀ကျပ်မှ ၂၃၀၀၀ကျပ်ခန့်အထိ ရောင်းချနေကြောင်း သိရှိရသည်။ တစ်ရက်လျှင် ၇၀၀၀ကျပ်တန် ကြိမ်၊ ဝါး၊ နှီးခမောက်အနေဖြင့် ၃ရက်ခန့် ယက်လုပ်ရပြီး ၂၃၀၀၀ကျပ်ဆိုလျှင် တစ်ရက်ကျော်ခန့် ယက်လုပ်ရပါသည်။ လုပ်အားခအနေဖြင့် လူတစ်ဦးလျှင် ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ ရရှိကြောင်း သိရှိရပြီး ယက်လုပ်ပြီးသော ကြိမ်၊ ဝါး၊ နှီးခမောက်များကို ညောင်လေးပင်၊ ဒိုက်ဦး၊ တောင်ငူ၊ ပဲခူး မြို့နယ်များသို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)