Main menu

ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာမှ ဝါးကုလားထိုင်၊ ဝါးကုတင်များ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာတွင် ဝါးကုလားထိုင်၊ ဝါးကုတင်များ ပြုလုပ်ရောင်းချလျက်ရှိပါသည်။ ဝါးကုလားထိုင်၊ ဝါးကုတင်ပြုလုပ်ရန် ၁လက်မနှင့် ၅မတ်လုံးခန့်ရှိ အသားထူ ဝါးကျစ်ဝါးကို တစ်လုံး ၃၅၀ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး ဝါးကုလားထိုင်ပြုလုပ်ရန် ဝါးလုံး(၅)လုံးခန့်၊ ထန်းကြောများအသုံးပြု၍ လုပ်ဆောင်ပါသည်။ ဝါးကုလားထိုင် တစ်လုံးလျှင် လက်ခ(၂၅၀၀)ကျပ်ခန့်နှင့် ပစ္စည်းဖိုး၃၃၀၀ကျပ်ခန့် ကုန်ကျပါသည်။ အပြီးအစီး ၅၈၀၀ကျပ်ခန့် ကုန်ကျပြီး ၆၅၀၀၊ ၇၀၀၀ကျပ်ခန့်ဖြင့် ရောင်းချနေပါသည်။ ဝါးကုတင် တစ်ယောက်အိပ်ပြုလုပ်ရာတွင် ဝါးကျစ်ဝါး (၉)လုံးနှင့် အခင်းတန်းကြော၊ သံ၊ ပစ္စည်းဖိုး ၈၀၀၀ ကျပ်ခန့် ကုန်ကျပြီး လက်ခ၃၅၀၀ကျပ်ခန့် ပေးရပါသည်။ ဝါးကုတင် တစ်ယောက်အိပ် တစ်လုံးကို ၁၂၀၀၀၊ ၁၃၀၀၀ကျပ်ခန့် ရောင်းချလျက်ရှိကြောင်းသိရပြီး၊ ဝယ်ယူသုံးစွဲသူများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)