Main menu

အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အွန်လိုင်းဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်

Powered by Drupal

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးသည် အမှတ်(၁)ရပ်ကွက်၊ ချယ်ရီ(မြောက်)လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌  စားသုံးသူပြည်သူများအနေဖြင့် Online မှဈေးဝယ်ယူရာတွင် လိမ်လည်လှည့်ဖြားခံရမှုမရှိစေရန်ရည်ရွယ်လျက် အွန်လိုင်းဈေးဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးက အွန်လိုင်းဈေးရောင်းချသူများသည် စားသုံးသူထံမှ ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်စီစဉ်ပြီး ငွေကြေးရယူသည့်လိမ်လည်မှုနှင့် ကုန်စည်/ ဝန်ဆောင်မှုအရည်အသွေးနှင့်စပ်လျဉ်းသည့် လိမ်လည်မှုများကို ပြုလုပ်လေ့ရှိကြောင်း၊ ပထမတစ်ချက်ဖြစ်သည့် ကြိုတင်ငွေကြေးရယူသည့် လိမ်လည်မှုတွင် ငွေကြိုလွှဲပြီးနောက် Social Network Account များပိတ်သွားခြင်း၊ ဝယ်ယူသူအား Block လိုက် ခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် မြေပြင်လိပ်စာ ရှာမရခြင်း၊ ဖုန်းနံပါတ်များအား Block ပြုလုပ်သွားခြင်းနှင့် Deactivate ပြုလုပ်သွားခြင်း၊ ဒုတိယ တစ်ချက်ဖြစ်သည့် ကုန်စည်/ဝန်ဆောင်မှုအရည်အသွေးနှင့်စပ်လျဉ်းသည့်လိမ်လည်မှုတွင် ကုန်စည်/ ဝန်ဆောင်မှုကို ဝယ်ယူပြီးနောက် အမှန်တကယ်ရောင်းချသော်လည်း ပစ္စည်းများပို့သည့်အခါ/ ဝန် ဆောင်မှုပေးသည့်အခါ သဘောတူညီထားသည့် အချက်အလက်များနှင့်မကိုက်ညီသည့် ကုန်စည်/ ဝန်ဆောင်မှုကိုပေးခြင်း၊ ဝယ်ယူထားသည့် ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဖြစ် ပေါ်လာပါက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်း စသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စား သုံးသူပြည်သူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက  စားသုံးသူရေးရာဦးစီးဌာန Website Complaint System  သို့လည်းကောင်း၊ ဦးစီးဌာနနှင့် ဦးစီးမှူးရုံး CICC များသို့လည်းကောင်း၊ Doca Myanmar Mobile Application သို့ လည်းကောင်း၊ Consumer Call Center (1535) သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)