![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/59_12.jpg?itok=gpSfzRly)
ပြည်ဈေးကွက်ရှိ မီးဖိုချောင်သီးနှံများဖြစ်သည့် ကြက်သွန်ဖြူများအနေဖြင့် ရှမ်းစများဖြစ်သော ထူးလွန် တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ထူး-၅ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ထူး-၄ တစ်ပိဿာ လျှင် (၁၅၀၀၀)ကျပ်ဈေးရှိပြီး ဆိုဒ်အသေးများမှာ တစ်ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀)ကျပ်ဈေး၊ ကြူကုတ်မှာ တစ်ပိဿာလျှင် (၂၂၀၀၀-၂၃၀၀၀)ကျပ်ဈေးရှိပါသည်။ ရှမ်းစများမှာ အောင်ပန်းမှ တစ်ပတ်လျှင် ကား(၂)စီးခန့် အဝင်ရှိပြီး (၁)စီးလျှင် အိတ် (၃၀၀)ခန့် ပါဝင်၍ (၁)အိတ်လျှင် ပိဿာ (၂၀-၃၀)ခန့် ဝင်ဆံ့သောကြောင့် တစ်ပတ်လျှင် ပိဿာ (၁၂၀၀၀-၁၈၀၀၀)ခန့် အဝင်ရှိကြောင်း သိရပါသည်။ ကြူကုတ်မှာလည်း မန္တလေးမှ တစ်ပတ်လျှင် အိတ် (၃၀၀)ခန့် ပါဝင်သော ကား (၂)စီးအဝင်ရှိပြီး (၁)အိတ်လျှင် (၆-၇)ပိဿာခန့် ဝင်ဆံ့သောကြောင့် တစ်ပတ်လျှင် ပိဿာ (၃၆၀၀-၄၂၀၀)ခန့် အဝင်ရှိကြောင်း သိရပါသည်။ အာလူးသီးနှံမှာလည်း အောင်ပန်းမြို့မှပင် အဝင်ရှိပြီး တစ်ပတ်လျှင် ကား(၄)စီးခန့် အဝင်ရှိကာ (၁)စီးလျှင် အိတ်(၁၅၀)ခန့် ပါဝင်ကြောင်းနှင့် (၁)အိတ်လျှင် ပိဿာ (၃၀)ခန့် ဝင်ဆံ့သည့်အတွက် တစ်ပတ်လျှင် ပိဿာ (၁၈၀၀၀)ခန့် အဝင်ရှိပါသည်။ ဈေးနှုန်းများအနေဖြင့် S2 (ချော) တစ်ပိဿာလျှင် (၈၄၀၀)ကျပ်၊ S1 တစ်ပိဿာလျှင် (၇၉၀၀)ကျပ်၊ OK တစ်ပိဿာလျှင် (၇၈၀၀)ကျပ်၊ A1 တစ်ပိဿာလျှင် (၆၈၀၀)ကျပ်နှင့် အလုံးသေး တစ်ပိဿာလျှင် (၆၃၀၀)ကျပ် ဈေးရှိပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်း လက်လီ/ လက်ကားဝယ်ယူသူများ၊ လုပ်ငန်းရှင်များမှ အဝယ်ရှိသလို ခရိုင်အတွင်းရှိ အခြားမြို့နယ်များနှင့် ပြည်မြို့အနီးတဝိုက်ရှိမြို့များသို့ ပုံမှန်တင်ပို့ရောင်းချရပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)