Main menu

မော်လမြိုင်မြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ၁၀.၁၂.၂၀၂၄ ရက်နေ့တွင်  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးဆောင်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်အတွင်းရှိ ဦးဖေကြည်(ဆေးဆိုင်)၊ အောင်နှင်းဆီ (ဆေးဆိုင်)နှင့် အောက်လမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ၎င်းဆေးဆိုင်များတွင် ရောင်းချနေသောဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားမဝင်ဆေးဝါးများ ရောင်းချမှုမပြုစေရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)