Main menu

“အုန်းတံမြက်စည်းလုပ်ငန်းဖြင့်မိသားစုဝင်ငွေများရရှိ”

Powered by Drupal

          မန္တလေးတိုင်း‌‌ဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်ကြပြီး အချို့သောမိသားစုများမှာ အပိုဝင်ငွေရရှိရန်အတွက် အသေးစားလုပ်ငန်းများအားလုပ်ကိုင်လျှက်ရှိပါသည်။ ၄င်းလုပ်ငန်းများအနက်မှ မတ္တရာမြို့နယ် ၊ အမှတ်(၅)ရပ်ကွက်ရှိ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သော အုန်းတံမြက်စည်းလုပ်ငန်းအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ အုန်းတံမြက်စည်းကို အုန်းပင်၏အုန်းလက်မှအုန်းရွက်များကို အလက်သင်ပြီး အုန်းကျောများကို အုန်းတံမြက်စည်းဆံအဖြစ် အသုံးပြုကာ အုန်းတံမြက်စည်းလုပ်ငန်း လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။ အုန်းတံမြက်စည်းလုပ်ငန်းကို အငှားထိုးလုပ်ငန်းအပြင် ကိုယ်ပိုင်ရင်းနှီး၍လည်းလုပ်ကိုင်ကြပြီး အုန်းတံမြက်စည်းလုပ်ကိုင်ရာတွင် ကုန်ကြမ်းအဖြစ် အုန်းတမြက်ဆံ ၊ ဝါး ၊ ဂျက် ၊ ပလပ်စတစ်ကြိုးများလိုအပ်ပြီး အုန်းတမြက်ဆံ(၇)ပိဿာလျှင် တံမြက်စည်း(၃၆)ချောင်းရရှိပြီး (၁)ပိဿာလျှင် ပျမ်းမျှ (၅)ချောင်းရရှိပါသည် ။ အုန်းတံမြက်ဆံကို ဝယ်ယူ၍ မိသားစု ကိုယ်ပိုင်လုပ်ကိုင်မည်ဆိုပါက အုန်းတံမြက်ဆံ(၇)ပိဿာတစ်စီးလျှင်(၁၆၀၀၀/-)ကျပ် ၊ ဝါးတစ်လုံးလျှင်(၆၀)ကျပ်နှုန်းဖြင့် ဝါး(၃၆) လုံးလျှင်(၂၁၆၀/-)ကျပ်၊ ဂျက်တစ်ခုလျှင်(၇၀/-)ကျပ်နှုန်းဖြင့်(၃၆)ခုလျှင်(၁၄၄၀/-)ကျပ်၊ ပလပ်စတစ်ကြိုး(၁၀)ကျပ်သားလျှင်(၆၀၀/-)ကျပ်နှုန်းဖြင့် (၅၀)ကျပ်သားလျှင်(၃၀၀၀/-)ကျပ်ဖြင့် စုစုပေါင်း ကုန်ကျစရိတ် (၂၂၆၀၀/-)ကျပ်ကုန်ကျပြီး အုန်းတံမြက်စည်းအလတ် တစ်ချောင်းလျှင်(၁၁၀၀/-) ကျပ်နှုန်းဖြင့် တံမြက်စည်းဒိုင်ကိုသွင်းရပြီး တံမြက်စည်း(၃၆)ချောင်းအတွက် (၃၉၆၀၀/-)ကျပ် ရရှိ ပါသည်။ အကျိုးအမြတ်အနေဖြင့် (၁၇၀၀၀/-)ကျပ်ရရှိပြီး (၄)ရက်နှင့်အပြီးထိုးပါက တစ်နေ့ဝင်ငွေ (၄၂၅၀/-)ကျပ်ရရှိကြောင်း သိရှိရပါသည်။ အုန်းတံမြက်စည်းဒိုင်မှ ပစ္စည်းယူပြီး လက်ခစားထိုးမည်ဆိုပါက အုန်းတံမြက်စည်းဆံ တစ်ခုပစ်ခ(၃၀/-)ကျပ် ၊ အုန်းတံမြက်စည်းဆံတစ်ခုပတ်ခ(၃၀/-)ကျပ် ၊ အုန်းတံမြက်စည်းဆံထိုးခ (၃၀၀/-)ကျပ်နှုန်းဖြင့် တစ်မယ်ခြင်းစီလုပ်ကိုင်ရသလို တံမြက်စည်း တစ်ချောင်းလုံးထိုးခ လက်ခ(၄၀၀/-)ကျပ် နှုန်းဖြင့်လည်း လုပ်ကိုင်ကြပါသည် ။ လူတစ်ဦးတစ်နေ့ တံမြက်စည်း(၈-၉)ချောင်းထိုးနိုင်သည့်အတွက် တစ်နေ့ဝင်ငွေ(၃၀၀၀-၄၀၀၀)ကျပ်အထိဝင်ငွေရရှိပါ သည်။အုန်းတံမြက်စည်းများကို အုန်းတံမြက်စည်းဒိုင်မှ တစ်​ချောင်းလျှင် အပါး(၉၀၀/-)ကျပ်၊အထူ အလတ်(၁၁၀၀/-)ကျပ်၊ အထူအကြီး(၁၈၀၀/-)ကျပ်နှုန်းဖြင့်ကောက်ယူပြီး မန္တလေး၊ မုံရွာ၊ လားရှိုး စသည်ဖြင့် အနယ်နယ်အရပ်ရပ်သို့ ရောင်းချလျှက်ရှိကြောင်း အုန်းတံမြက်စည်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)