Main menu

ပြည်ကုန်စည်ဒိုင်၏ယခင်နှစ်နှင့်ယခုနှစ်ဒီဇင်ဘာနောက်ဆုံးပတ် ပဲမျိုးစုံဈေးနှိုင်ယှဉ်ချက်

Powered by Drupal

ပြည်ကုန်စည်ဒိုင်တွင်ရောင်းဝယ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ပဲမျိုးစုံဈေးနှုန်း၊ ဈေးကွက်အခြေအနေကို သိရှိရပါသည်။

မတ်ပဲ

ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်နောက်ဆုံးပတ် တွင် မတ်ပဲတစ်တင်းကို ၁၁၁၀၀၀-၁၁၁၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၅၀ခန့်ရှိပါသည်။ ယခင်နှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မတ်ပဲတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၂၀၀-၃၀၀ခန့်ရှိပါသည်။ ပဲတစ်တင်းကို ယခုနှစ်တွင် ၁၆၀၀၀-၁၆၅၀၀ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ပဲတီစိမ်း

ယခုနှစ်ဒီဇင်ဘာ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၉၇၀၀၀-၉၈၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် အဝယ်ရှိပါသည်။ ယခင်နှစ်ဒီဇင်ဘာလစတုတ္ထပတ်တွင် ပဲတီစိမ်း တစ်တင်းကို ၆၃၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကိုအိတ် ၅၀၀ခန့်ရှိပါသည်။ ယခုနှစ်တွင် ပဲတစ်တင်းကို ၃၄၀၀၀-၃၅၀၀၀ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ပဲစင်းငုံ

ပြည်ကုန်စည်ဒိုင်၌ယခင်နှစ်ဒီဇင်ဘာနောက်ဆုံးတွင် ပဲစင်းငုံတစ်တင်းကို ၁၀၂၀၀၀ကျပ်ဖြင့် ရန်ကုန်တင်ပို့မှုတစ်ရက်ကို အိတ်၃၀၀ခန့်ရှိပါသည်။ ယခုနှစ်ပဲစင်းငုံဈေးမှာ ပဲသစ်များမပေါ်သေး သောကြောင့် အရောင်းအဝယ်မှာ မရှိသေးကြောင်း သိရှိရပါသည်။

ကုလားပဲ

ယခင်နှစ်ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲ(ဟော်လန်) တစ်တင်းကို ၉၅၀၀၀-၉၅၅၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၄၅၀၀-၉၅၀၀၀ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားနှင့် နယ်စုံအရောင်းအဝယ် တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့်ရှိပါသည်။ ယခုနှစ်တွင် ကုလားပဲ(ဟော်လန်) တစ်တင်းကို ၁၀၁၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိ ပါသည်။ ယခင်နှစ်နှင့် ယခုနှစ် ကုလားပဲ(ဟော်လန်) ဈေးကို နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ် ပဲတစ်တင်းကို ၅၅၀၀ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ပဲကြီး

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်ဒီဇင်ဘာနောက်ဆုံးပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၃၀၀ခန့်ရှိပါသည်။ ယခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၈၇၀၀၀ကျပ်၊ ကုန်ပဲတစ်တင်းကို ၈၁၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၃၀၀ခန့် ရှိပါသည်။ ယခင်နှစ်ပဲကြီး(ရွှေကျွန်း)ဈေးမှာ ယခုနှစ်ထက် ဈေးပိုကောင်းခဲ့ပြီး တစ်တင်းကို ၄၃၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၄၄၀၀၀ကျပ် ဈေးပိုရခဲ့ပါသည်။

ဘိုကိတ်

ယခုနှစ်ဒီဇင်ဘာ စတုတ္တပတ်တွင် ဘိုကိတ်တစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် ရန်ကုန်နှင့်မြို့တွင်း လုပ်ငန်းရှင်များ တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်ဘိုကိတ်ဈေးမှာ ၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၀၀/၁၅၀ခန့်ရှိခဲ့ပါသည်။ ယခုနှစ်ဘိုကိတ်ဈေးသည် ယခင်နှစ်ဘိုကိတ်ဈေးထက် ၂၁၀၀၀ကျပ်ခန့် ဈေးပိုခဲ့ပါသည်။

စားတော်ပဲ

ယခင်နှစ်ဒီဇင်ဘာနောက်ဆုံးပတ်တွင် စားတော်ပဲတစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် တစ်ရက်ကိုအိတ် ၂၅ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုနှစ် တွင် စားတော်ပဲသီးနှံ မပေါ်သေးသောကြောင့် အရောင်းအဝယ်မဖြစ်သေးကြောင်း သိရပါသည်။

ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ဘိုကိတ်ဈေးမှာ ယခင်နှစ်ဒီဇင်ဘာလထက် ဈေးပိုရခဲ့ပြီး ပဲကြီးသီးနှံဈေးမှာတော့ယခင်နှစ်ဈေးက ပိုကောင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)